Category: ခံစားချက်အတွေးအမြင်

ဝါသနာပါရာ…..

ကိုအောင်ပိုင်စိုး (ဦးလေး) က ကျွန်တော့်ကို Tag ပါတယ်။ ၀ါသနာပါရာတဲ့။ လူတွေမှာ ၀ါသနာ ပါရာတွေတော့ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တူနေလည်း တူနေနိုင်ပါတယ်။ အဲ့လို လူမျိုးတွေ စုလုပ်ကြတယ်ဆိုရင် ၀ါသနာတူရာတွေ စုစည်းလုပ်ကြတယ်လို့ ပြောတက်ကြပါတယ်။ ဒီ ခေါင်းစဉ်နဲ့ Tag တဲ့ပုံစံ က စာမေးပွဲတွေမှာ အက်ဆေး ရေးခိုင်သလိုမျိုးပေါ့။ My Hobby ဆိုတာမျိုးလေး။ အဲ့ဒီတော့ ကျွန်တော် ဘာတွေများ ၀ါသနာပါလဲပေါ့လေ။

တကယ်တော့ ကျွန်တော်လည်း စာဖတ် ၀ါသနာပါပါတယ်။ ဒါပေမဲ့ ၀ါသနာ ဆိုတာ အများကြီးပါလို့မရဘူးလား။ ကျွန်တော်က နှစ်ခြိုက်တာနဲ့ ၀ါသနာပါတာကို နဲနဲများရောနေလားမသိဘူး။ ဘာလို့လဲဆိုတာ့ ကျွန်တော် စာဖတ်ရတာကို သဘောကျတယ်။ ဖတ်ဖြစ်တယ်။ နောက်ပြီး ခရီးသွားတာကိုလည်း သဘောကျတယ်။ ကြိုက်တယ်။ အဲ့ဒီတော့ ဘယ်ဟာက ၀ါသနာလည်း ဘယ်ဟာက နှစ်သက်တာလည်းဆိုတာ ဖြစ်လာပါတယ်။ နှစ်ခုလုံးကို သဘောကျပါတယ်။ ခရီးကတော့ ကရိကထများပြီး သွားချင်တိုင်း သွားမရပါဘူး။ စာအုပ်ကတော့ ၀ယ်ဖတ်ချင်ရင် ဖတ်။ မ၀ယ်နိုင်ဘူး၊ ၀ယ်လို့ အဆင်မပြေဘူးဆိုရင် ငှားဖတ်ပေါ့။ အဲ့ဒီတော့ စာအုပ်ကို ပိုဖတ်ဖြစ်ပါတယ်။

အားလပ်တဲ့ အချိန်တော်တော်များကို စာအုပ်ဖတ်ခြင်းနဲ ကုန်လွန်ပါတယ်။ အရင်တုန်းက ဆို ၀တ္ထူစာအုပ်တွေ တင်မကဘူး လစဉ်ထွက်တဲ့ မဂ္ဂဇင်းတွေထဲက ခြောက်မျိုးလောက်ကို အမြဲဖတ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ ကိုယ့်ဟာကို တစ်ယောက်တည်း နေလာတော့ စာအုပ်အငှားဆိုင်တွေ မသွားဖြစ်တော့ မဂ္ဂဇင်းတွေ သိပ်မဖတ်ဖြစ် တော့ပါဘူး။ စာအုပ်တွေအနေနဲ့လည်း ငှားမဖတ် အားတော့ဘူး။ စာအုပ်အရောင်းဆိုင် ရောက်မှ ကြိုက်တဲ့ စာအုပ်တွေ့ရင် ၀ယ်ဖတ်ဖြစ်တယ်။

နောက်ပိုင်း အင်တာနက်တွေ အသုံးများလာတော့ အင်တာနက် ၀က်ဆိုဒ်တွေမှာ ရေးထားတဲ့ စာတွေထဲက တစ်ချို့ကို ဖတ်ဖြစ်လာတယ်။ ဘလော့ဂ်တွေ ခေတ်စားပြီး ရေးလာကြတော့ ဘလော့ဂ်စာမျက်နှာတွေ မှာတင်ထားတဲ့ စာတွေ ဖတ်ဖြစ်လာတယ်။ ပရင့်တက်လုပ်ထားတဲ့ စာအုပ်ထက် ကွန်ပျူတာနဲ့ အလွယ်တကူ ဖတ်လို့ရတဲ့ အီးဘွခ် တွေကို အဖတ်များလာတယ်။ စာအုပ်ဖတ် ၀ါသနာပါတာက တစ်ခြား ၀ါသနာပါ တာတွေထက်ကို ပိုကောင်းတယ်ထင်ပါတယ်။ စာအုပ်တွေ စာပေတွေဆိုတာကလည်း လူတွေရဲ့ တိုးတက်လာတဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်လေတော့ ဒီစာအုပ်ထဲကပဲ လူ့သမိုင်းတွေ၊ လူ့အကြောင်းတွေနဲ့ လူတွေ နေထိုင်တဲ့ လောက အကြောင်းကို အများကြီး သိနိုင်ပါတယ်။

စာအုပ်ဖတ် ၀ါသနာပါလာတာက လည်း မိဘတွေ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ငယ်ငယ်က ဘုရားသွားတာတို့၊ ဈေးသွားတာတို့ဆို စာအုပ်က အမြဲဝယ်ပေးပါတယ်။ မောင်နှမ လေးယောက်ရှိလေတော့ ကိုယ်ကြိုက်တဲ့ စာအုပ်ကိုယ်ဝယ် ပြီး လဲဖတ်ကြဆိုတော့ တစ်ခါတစ်ခါ သွားရင် အနည်းဆုံး ၄ အုပ်လောက်က ၀ယ်ဖြစ်တယ်။ နောက်ပြီး သာသနာရေးဌာန မှာ အသိရှိတော့ သာသနာရေးက ထုတ်တဲ့ စာအုပ် အ၀ါအထူကြီးတွေဆို ငယ်ငယ်ကတည်းက ဖတ်ဖြစ်တယ်။ ဗုဒ္ဓ၀င်ဖြစ်စဉ်တွေ၊ ၅၅၀ ဇာတ်နိပါတ်တွေ။ ငယ်ငယ်က ဖတ်တယ်ဆိုတော့ အထဲက ဇာတ်လမ်းကိုပဲ ကွက်ဖတ်တာပါ။ ဇာတ်ဟောဖို့ အစချီတာတွေ၊ တရားဟောတာတွေ ဘာတွေ မဖတ်ပါဘူး။ ဒါက အဲ့သလို ငယ်ငယ် ကတည်းက စာဖတ် ၀ါသနာ ပါတာပါ။ ၁၀ တန်းဖြေပြီးနဲ့ ကောလိပ်တက်တဲ့ အချိန်မှာလည်း စာအတော် ဖတ်ဖြစ်တယ်။

အလုပ်ထဲရောက်တဲ့ အချိန်ကြမှ စာအုပ်ကို လက်နဲ့ကိုင်ပြီး သေချာ မဖတ်ဖြစ်တော့တာ။ ဒါပေမဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေပေါ်က စာတွေနဲ့ အီးဘွခ် တွေဖတ်ပြီးတော့ လည်း အဆင်ပြေနေတာပါပဲ။ စာအုပ်ဖတ်ချင်တဲ့ စိတ်ရှိလာအောင်၊ စာဖတ်ဝါသနာပါသွားအောင်လုပ်တဲ့ မိဘတွေကိုပဲ ကျေးဇူးတင်ရမှာပါ။ ခုနောက်ပိုင်း လူငယ်တွေ စာသိပ်မဖတ်တော့ဘူးထင်ပါတယ်။ သူတို့လည်း လုပ်စရာတွေ များပြီး တခြားခြားသော ဟာတွေမှာ သွားပြီး ၀ါသနာပါကြတယ် ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ မကောင်းဘူးလို့မြင်တယ်။ စာအုပ်ဖတ် ၀ါသနာ မပါဘူးဆိုရင်တောင် စာအုပ်တွေကိုတော့ ဖတ်သင့်သလောက်တော့ ဖတ်သင့်တယ်လို့ မြင်ပါတယ်။

ကိုအောင်ပိုင်စိုး Tag ထားတဲ့ ၀ါသနာပါရာ ဆိုတဲ့စာလေးရေးရင်းနဲ့ပဲ စာအုပ်သိပ်မဖတ်ဖြစ်တဲ့ သူတွေ ၊ စာဖတ်ဝါသနာမပါတဲ့ လူငယ်တွေကို ၀ါသနာ မပါဘူးဆိုရင်တောင် တဖြည်းဖြည်းဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။

ဘ၀ အတွက်အသုံးဝင်သော စာကောင်းစာမွန်များ ကို ဖတ်ရှု့ကြပြီး တိုးတက်နိုင်ကြပါစေလို့…..

သူတော် ( ၉.၆.၂၀၀၉)

အင်္ဂါနေ့ ( ၂၀ နာရီ ၁၆ မိနစ်)

Photo source: Internet

>

ကိုဖုန်းမြင့်က Tag ထားတယ်ဆိုလို့ ဘာအကြောင်းလဲဆိုတော့ အချစ်ဆိုသည်မှာ တဲ့။ အားပါး ဒီခေါင်းစဉ်က ခေါင်းစဉ်ကြီးတယ် လို့ပြောလို့ရသလို ရေးစရာအချက်အလက်တွေ များစွာ ထည့်လို့ ရပါတယ်။ ကိုယ်ခံစားမိတဲ့ ချစ်ခြင်းတွေကို ရေးလို့ရသလို သမီးရည်းစားအချစ် ကိုလည်း ရေးနိုင်ပါတယ်။ ကျွန်တော်ကတော့ သာမန်ပါပဲ ကျွန်တော့်ရဲ့ အချစ်အမြင်နဲ့ အချစ်ဆိုသည်မှာ ကို ခုလိုပဲ ရေးလိုက်ပါတယ်။ ကိုဖုန်းမြင့်ရော စာဖတ်သူများရော ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ (ဖိုးသူတော်)

အချစ်ဆိုသည်မှာ

‘တကယ်ဆိုရင် အချစ်ဟာဘာမှန်းမသိတဲ့ ပုစ္ဆာ၊ အချစ်ဟာ အဖြေရှာ မရတဲ့ ပြဿနာ၊ ကိုယ်ကိုတိုင် အချစ်ဟာ ဘာမှန်းမသိလို့’ ပါဆိုပြီး နိုင်ငံကျော် အဆိုတော် တစ်ဦးဆိုခဲ့တာ ကို သွားသတိရပါတယ်။ တကယ်တော့ အချစ်ဆိုတာကို ရာစုနှစ်အဆက်ဆက် ကဗျာဆရာတွေ၊ သီချင်းရေးဆရာတွေနဲ့ အနုပညာရှင်များစွာကလည်း ဖွင့်ဆိုခဲ့ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်ခြင်းမတူသလို အချစ်အပေါ်ခံစားချက်နဲ့ အချစ်ဆိုတာကိုလည်း မြင်တာ တူချင်မှ တူမှာပါ။ အချစ်ဆိုတာ မြင်နိုင်တွေ့နိုင်ခြင်းမရှိပေမဲ့ ခံစားရတဲ့ ခံစားချက်တွေ ထဲမှာတော့ အပီပြင်ဆုံး ခံစားချက်တစ်ခု ဖြစ်ပါတယ်။ သက်ရှိကမ္ဘာကြီးကိုကလည်း အချစ်ဆိုတာနဲ့ တည်ဆောက်ထားတာပါ။ ဒီအချစ်တွေ ရှိခဲ့လို့ လည်း ကမ္ဘာကြီးဟာ စည်ပင်သာယာလာတာပါ။ အချစ် မှာ ခံစားချက် ခံစားမှု အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အချစ် ဆိုတဲ့ စာလုံးအောက် မှာ အချစ်တွေ အများကြီး ကွဲပြားချားနားသွားပါတယ်။

လင်မယားချင်းချစ်ကြတယ်။ ချစ်သူချင်း ချစ်ကြတယ်။ မိဘသားသမီးချစ်ကြတယ်။ မိသားစု မောင်နှမ ချစ်ကြတယ်။ မိတ်ဆွေ သူငယ်ချင်း ချစ်ကြတယ်။ ဆွေမျိုးအသိုင်းအ၀ိုင်းချစ်ကြတယ်။ သွေးမတော် သားမစပ် မသိကျွမ်းပဲ သနားဂရုဏာနဲ့ ချစ်ကြတယ် စသဖြင့် အချစ်ဆိုတာ ကွဲပြားခြားနားသွားပါတယ်။ ၀ီကီပီးဒီးယားရဲ့အချစ် ဆိုတဲ့ စာမျက်နှာမှာလည်း အချစ်ဆိုတာကို ဒီလိုပြောထားပါတယ်။

( ဘာသာပြန်ရင်မှားနေမှာစိုးလို့ ဟီး ကိုယ့်ဟာကို ပြန်လိုက်နော် :P )

Love is any of a number of emotions and experiences related to a sense of strong affection. The word love can refer to a variety of different feelings, states, and attitudes, ranging from generic pleasure (“I loved that meal”) to intense interpersonal attraction (“I love my girlfriend”). This diversity of meanings, combined with the complexity of the feelings involved, makes love unusually difficult to consistently define, even compared to other emotional states.

As an abstract concept, love usually refers to a deep, ineffable feeling of tenderly caring for another person. Even this limited conception of love, however, encompasses a wealth of different feelings, from the passionate desire and intimacy of romantic love to the nonsexual emotional closeness of familial and platonic love to the profound oneness or devotion of religious love. Love in its various forms acts as a major facilitator of interpersonal relationship and, owing to its central psychological importance, is one of the most common themes in the creative art.

ကျွန်တော်ရဲ့ ခံစားမှုနှင့် ဆိုင်တဲ့ အချစ်က တော့ ခံစားမှုပေါ် အလေးထားပေမဲ့ ချစ်တာ သက်သက်ထက် မြတ်နိုးယုံကြည်နားလည်မှုကို ပိုမိုတန်ဖိုးထားပါတယ်။ အချစ်ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ ထိတွေ့ကိုင်တွယ်လို့ မရပေနဲ့ ခံစားရတဲ့ ခံစားချက် နေရမှာတော့ ထိရောက်လွန်းပါတယ်။ ချစ်ခြင်းများစွာ နဲ့ နှောင်ဖွဲ့ထားတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်ကလည်း အဲ့ဒီ နှောင်ဖွဲ့ တဲ့ အထဲမှာ ပါပါတယ်။ အချစ်ဆိုတာ အဲကွန်း အင်ဒိုးယူနစ်လို လေအေးတွေပေးနေတက်သလို တစ်ခါတစ်ရံ အောက်ဒိုးယူနစ်လို လေပူကြီးနဲ့လည်း မှုတ်ထုတ်တက်ပါတယ်။ အချစ်ဆိုတာ လေထီးခုန်သမား လေယာဉ်ပေါ်က ခုန်ချချ ခြင်း အေးကနဲ ခံစားရသလို ခံစားရပြီး လေထီးဖွင့်ခါနီးမှာ လေထီးမပွင့်တော့လို့ အားကနဲ့ ခံစားရတာနဲ့လဲ တူပါတယ်။ အချစ်ဆိုတာ တစ်ခါတစ်ရံ ဖယောင်းတိုင်မီးလောက် လင်းနေပြီး တစ်ခါတစ်ရံ အမွှေးတိုင်မီးလောက် မှောင်နေတက်ပါတယ်။ ဘာပဲပြောပြော အချစ်ဆိုတာ မရှိရင် ဒီကမ္ဘာကြီး မရှိနိုင်သလို ကျွန်တော်လည်း မရှိနိုင်ပါဘူး။

အချစ်ရဲ့ အဓိပ္ပာယ်ကို ရှေးအစဉ်အဆက်ကတည်းက ဖွင့်ဆိုခဲ့သလို ယခု အချိန်အခါထိလည်း ဖွင့်ဆိုလိုမပြီးပါဘူး။ နောက်ကမ္ဘာဆုံးတိုင်အောင်လည်း ဖွင့်ဆိုနေကြဦးမှာပါ။ ဘာလို့လဲ ဆိုတော့ လူသားများစွာနဲ့ ကမ္ဘာကြီးဟာ အချစ်များစွာ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာနဲ့ လှပသာယာလန်းဆန်း နေဦးမှာပါ။

တကယ်တော့ အချစ်ဆိုသည်မှာ………….

ဖိုးသူတော်( ၁၀.၁၀.၀၈)

၃နာရီ၂၃မိနစ်

စိတ်ထဲအခန့်သင့်မိသွားတာလေးတွေ

လူ့လောကကြီးမှာ လူတွေဟာ ဘ၀ဆိုတဲ့ ရေစီးကြောင်းကြီးနဲ့ စီးမျှောနေရင်းနဲ့ အလိုက်သင့် ကခုန်နေကြပါတယ်။ ကခုန်တယ် လို့သုံးတာ လှုပ်ရှားနေကြတယ်လို့ပြောတာပါ။ ဒီလို စီးမျှောနေရင်းနဲ့ ရေစီးကြောင်းရဲ့အားအတိုင်း မြန်လိုက်နှေးလိုက် ဖြစ်နေကြပါတယ်။ အကွေ့အကောက်နဲ့ ဆိုလည်း ကွေ့လိုက်ကောက်လိုက်ကြရတာပါပဲ။ အဲ့ဒီမှာ တူတူမျှောရင်းနဲ့ ပူးချင်ပူးသွားမယ်၊ ကွာရင်ကွာသွားမဲ့ အနေအထားတွေလည်း ရှိပါတယ်။ နောက်ပြီး ရေတံခွန်လို့ ဟာမျိုးတွေနဲ့ တွေ့ရင်လည်း ၀ုန်းဒိုင်းကြဲ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အလိုက်သင့် စီးမျှောနေရင်လည်း အလိုက်သင့်ပါပဲ။ ရေးစီးကြောင်းထဲမှာ စီးမျှောနေရင်းနဲ့ ကိုယ်ဝါသနာပါရာ သန်ရာသန်ရာ တွေလည်း လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀ရဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်တဲ့ သူတွေ ရှိသလို သာမန်နဲ့ပဲ ပြီးသွားလိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကလည်း ရေးစီးကြောင်းကြီးရဲ့ မမြင်နိုင်တဲ့ ၀ဲဂယက်တွေကြောင်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ပြောပြော ကြိုးစားကူးခက်ရမှာပါ။

လောကကြီးမှာ ပေါင်းသင်းဆက်ဆံတဲ့ အခါ အပေးအယူ ကိစ္စတွေရှိပါတယ်။ အပေးရှိလို့ အယူရှိသလို အယူရှိလို့လဲ အပေးဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ ကိုယ်က ကောင်းတာပေးတိုင်းလဲ ကိုယ့်ရှိ အကောင်းဆိုတာ ပြန်မလာနိုင်ပါဘူး။ ဆာ အိုက်ဆက်နယူတန် ပြောသလို သက်ရောက်မှု ရှိရင် တန်ပြန်မှုဆိုတာ ရှိပေမဲ့ ဒီကိစ္စမှာ များများသက်ရောက်တိုင်း များများမပြန်ပါဘူး။ နဲနဲ သက်ရောက်လည်းများများ ပြန်လာချင် ပြန်လာပါတယ်။ ကိုယ်ကတော့ သက်ရောက်မှု အမြဲ မှန်ကန်ဖို့ လိုအပ်ပါတယ်။ လောကကြီးမှာ ချွင်းချက် ဆိုတာတွေ သိပ်များပါတယ်။ အဲ့ဒီ ချွင်းချက်ဆိုတာတွေကလည်း စဉ်းစားရမဲ့ ဟာတွေပါ။ ကိုယ်ကကောင်းတိုင်း သူတို့ပြန်ကောင်းနိုင်ပါမလားဆိုတာ ရှိသလို သူတို့ကောင်းတိုင်းရော ကိုယ်က ကောင်းနေရဲ့လား ဆိုတာလည်း ထည့်စဉ်းစားရမှာပါ။

လောကကြီးမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြတဲ့ အခါမှာလည်း ကိုယ်ကတော့ ချစ်လိုက်ရတာပါပဲ ဆိုပေမဲ့ သူက ပြန်ချစ်ရင် မှ ချစ်မှာပါ။ ကိုယ်က ချစ်တိုင်း သူကလည်း ပြန်ချစ်နေမယ်ဆို ရင် လောကကြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ကိုယ်ကလည်း သူ့ကို ချစ်လို့ သူကလည်းကိုယ့်ကို ပြန်ချစ်မယ်ဆိုရင်တော့လည်း လောကကြီးဟာ လှပသာယာနေမှာပါ။ ဒါပေမဲ့ ကိုယ်က သူ့ကို ချစ်နေနားလည်းနေနိုင်ပါတယ် ။ သူကတော့ ကိုယ်ကို မချစ်နိုင်ပါဘူးဆိုတာကလည်း သူ့ဘက်က ပုဂ္ဂိုလိက ခံစားချက်ရှိနိုင်သလို နားမလည်နိုင် မစဉ်းစားချင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က တကယ်လည်းချစ်တယ် ခံစားလည်းခံစားရတယ် ဆိုရင်တောင် သူပြန်မချစ်နိုင်တာ မစဉ်းစားနိုင်တာကို သူ့ဘက်ကနေ ဖြည့်တွေးပေးလိုက်ရင် ကိုယ်ခံစားရတွေ ရော့ပါသွားနိုင်ပါတယ်။ တကယ်မချစ်လို့ ဒီစကားပြောတာပါ..ငါကတော့ မရပါဘူးဆိုတာလည်း ပြန်ပြောနိုင်ရုံသက်သက်မျှလောက်ပဲ အသုံးဝင်နိုင်ပါတယ်။ ကျွန်တော် ပြောချင်တာက တကယ်ချစ်လို့ ကြိုးစားခဲ့တယ် ရအောင်လိုက်ခဲ့တယ် မရခဲ့ဘူးဆိုရင် ကိုယ့်အတွက် အတ္တပါးပါးထည့်ထားတဲ့ အကောင်းဆုံး ဖြေသိမ့်တွေးစရာ နည်းလမ်းတစ်ခုပါ။ မချစ်လို့ မရတော့တဲ့ ဟာအတွက် သိပ်ပူဆွေးသောက များနေရင် ကိုယ့်ပတ်ဝန်းကျင်ပါ ပူပါတယ်။ ချစ်ခဲ့ကြပြီးမှ အကြောင်းအမျိုးမျိုးနဲ့ လမ်းခွဲ ပြတ်ဆဲသွားတယ်ဆိုရင်လည်း အချိန်တန်လို့ ဖြစ်ရတာပါပဲ ဆိုပြီး တွေးနိုင်ရင်ကောင်းပါတယ်။

အဲ့အချိန်မတိုင်ခင်မှာတာ့ စောစောနက ပြောခဲ့သလို ကိုယ့်ရဲ့ သက်ရောက်မှုတွေက ဘာတွေဖြစ်ခဲ့လို့ ဒီလိုတန်ပြန်မှုတွေ လာတယ်ဆိုတာ ကိုယ့်ဟာကို ရေရေလည်လည်နားလည်နိုင်အောင် စဉ်းစားရမှာပါ။ မဟုတ်ပါဘူးကွာ ငါတို့နှစ်ယောက်ဒီလောက်ချစ်ခဲ့ ကြတာ လူကြီးတွေကြောင့်ပါဆိုတာကလည်း ရာစုနှစ်များစွာ ရှိနေတဲ့ အရာကြီးတစ်ခုပါ။ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ မမျှော်လင့်သော ကိစ္စရပ်တစ်ခုကြောင့် ကွဲကွာသွားတယ်ဆိုရင်လည်း ကံကြမ္မာကို ရည်ညွှန်း၍ ဖြစ်ချိန်တန်တဲ့ သဘောကို လက်ခံနိုင်ရမှာပါ။

နောက်ဆုံး ရေစီးကြောင်းကြီးတစ်ခုလို စီးမျှောနေတဲ့ လောကကြီးမှာ ရေစီးကြောင်းကြီးထဲမှာ နေရင် သက်ရောက်ခြင်း၊ တန်ပြန်ခြင်း ချစ်ခြင်း၊ မုန်းခြင်း၊ နီးစပ်ခြင်း၊ ကွဲကွာခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း စတာတွေကို အလိုက်သင့်ခံစားနားလည်ရင်း သဘာဝ တရားနဲ့ နီးစပ်အောင် နေထိုင်နိုင်ကြရင် လူတွေရဲ့ အတွင်းစိတ်အာရုံတွေမှာ ခံစားနေရတဲ့ ဟာတွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ လောကရေစီးကြောင်းကြီးနဲ့ အလိုက်သင့်နေထိုင်ရင် တိုးတက်အောင်မြင်သော ဘ၀တွေ ဖန်တီးတည်ဆောက်နိုင်ကြပါစေ…

ဖိုးသူတော် ( ၉.၁၀.၀၈)

၁၂နာရီ ၂၈ မိနစ်.

စိတ်ကူးတွေကို ရွတ်လွှင့်ပြီးကမ္ဘာအနှံ့ အလွမ်းလှေငယ်လေးနဲ့သွားချင်တယ်။

ဒီလိုဆိုရင်ဦးတည်ရာမဲ့မျှောပါသွားမလား…မင်းရှိရာဆီကိုပဲရောက်လာမလား..

ဖြည်းဖြည်းလေး အသက်ရှုနေတဲ့ မိုးလင်းသွားတဲ့ ညများစွာကိုဖြတ်သန်းပြီ…

မနက်ဖြန်သူစိမ်းတွေကို ရင်ဆိုင်နိုင်ဖို့ မင်းရဲ့အပြုံးတစ်ပွင့်ကိုတောင်းတမိတယ်..

စည်းဘောင်များတဲ့ လူ့လောကထဲမှာအလိုက်သင့်နေထိုင်ပြီး..မင်းကိုလွတ်လပ်စွာ

ချစ်ချင်တယ်..စိတ်ကူးယဉ်အတွေးထဲမှာ စိုးမိုးနေတဲ့မင်းကိုအပြင်လောကရဲ့ဧကရီ

အဖြစ် ပေးလိုက်တယ်။ မြိုသိပ်ထားတဲ့စကားလုံးများစွာထဲက စကားလုံးနှစ်လုံးကို

တော့ပြောချင်တယ်…” ချစ်တယ်” မေ့လိုမရမဲ့မင်းရဲ့အပြုံးတွေကို ပန်းပွင့်များ

အဖြစ် ဖန်ဆင်းပြီး ဥယျာဉ်တစ်ခုကို လက်ဆောင်ပေးချင်တယ်။

ရင်ဘက်ထဲက ကဗျာတစ်ပုဒ် ကို မင်းအတွက်ဥယျာဉ်မှာကျဲချ ပန်းပွင့်တွေက

ပြောတယ်…အစွမ်းကုန် ပွင့်နေမှာပါတဲ့။ မင်းကို ကိုယ်ချစ်နေပါတယ်…….

ဖိုးသူတော်..

Follow

Get every new post delivered to your Inbox.