Category: ပရဟိတ

>

အလိုင်နီဆည်သို့ အလှူတစ်ခေါက်
 မတ်လလောက်ကတည်းက မှန်းထားသော အလှူတစ်ခုဖြစ်သည်။ ဧပြီလတွင် သင်္ကြန်ပြီး အဆင်ပြေသော တစ်ရက်ရက်တွင် သွားမည်ဟု ကြိုတင်မှန်းဆထားသည်။ ဒါပေမဲ့ စာမေးပွဲ ဖြေရတာတစ်ကြောင်း၊ လက်တွဲလုပ်နေကြ သူငယ်ချင်းများ မအားတာတစ်ကြောင်း ကြောင့် ဖြစ်ဖြစ်မြောက်မြောက် မစီစဉ်လိုက်ရပါ။ စိတ်ကူးထဲ ထားရုံပဲရှိသေးသည်။ သို့ပေမဲ့ အလှူရှင် သူငယ်ချင်းများနှင့် အသိမိတ်ဆွေများ၏ ဆက်သွယ် လှူဒါန်းမှုများကြောင့် စီစဉ်ထားသော အစီအစဉ်သည် ရုပ်လုံးပေါ်လာသည်။ ပထမဦးစွာ အသိအန်တီကြီးတစ်ဦး၏ အလှူငွေ စတင်ရသည်။ ထို့နောက် သူငယ်ချင်း များ၏ အလှူငွေများ ရရှိပြီး သကာလ လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် အဆင်သင့်ဖြစ်သည်နှင့် ဧပြီလ ၁၉ ရက်နေ့တွင် ပေးအပ်လှူဒါန်းမည့် ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ်စာ စာအုပ်များ၊ ခဲတံ၊ခဲဖျက်နှင့် ဘောပင်အစရှိသည်တို့ ၀ယ်ဖြစ်သည်။
            သွားရောက်လှူဒါန်းမည့် နေရာမှာ ဟိုယခင်ကတည်းက အီးမေလ်းထဲသို့ ရောက်နေသော ပဲခူးတိုင်း အလိုင်နီဆည်ထိပ်ရှိ အမှတ်    ( ၅ ) အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပင်ဖြစ်သည်။ လိုအပ်ချက်များရှိနေသော ကျောင်းလေး တစ်ကျောင်းဖြစ်မည်ကို မြင်ရုံနဲ့ ခန့်မှန်းမိနိုင်ပါသည်။ ထိုကြောင့် ထိုကျောင်းကိုပင် သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သွားရောက်ဖို့ရာအတွက်ကိုမူ ယခင်ယခင် သွားခဲ့ဘူးသော မေးလ်ပို့သော မိတ်ဆွေ တစ်ယောက်အားမေးမြန်းရပါသည်။ သူ၏ လမ်းကြောင်းညွှန်ချက်အရ သွားရောက်ခဲ့ပါသည်။ 

            ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သောကြောင့် အသိအန်တီကြီးမှ ကျောင်းထိုင် ဘုန်းကြီးအတွက် လှူဖွယ်ဝတ္ထူပစ္စည်းများကိုလည်းကောင်း၊ မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးမှ မင်္ဂလာဦးအလှူငွေများကိုလည်ကောင်း စာရေးကိရိယာများနှင့် အတူ ပေးလိုက်ပါသည်။ ထိုပြင် မြန်မာ့သစ်လုပ်ငန်း တညင်းကုန်းဝန်ထမ်းအိမ်ယာမှ မိသားစုများ၏ အလှူဖြစ်သည့် အ၀တ်အစားများမှာလည်း ဆာလာအိပ် ၂ အိပ်နှင့် အပြည့်ပါ ပါသေးသည်။ 
            သွားရောက်သည့် နေ့ ဧပြီလ ၂၀ ရက်နေ့တွင် ချိန်းဆိုထားသည့်အတိုင်း မနက် ၇ နာရီခွဲတွင် ကျတော့် ရုံးမှ ကားဖြင့်သွားပါသည်။ လိုက်ပါသည့် လူများမှာ များများစားစားမရှိပါ။ ကျတော်နှင့် သူငယ်ချင်း သုံးယောက် ပေါင်း လေးယောက်ဖြစ်ပါသည်။ လမ်းကြောင်းမှာ ရန်ကုန် – နေပြည်တော် မြို့ရှောင်လမ်းသစ်မှ သွားပါက မိုင်တိုင် ၁၅ ရောက်လျှင် ဘယ်ဘက်သို့ ကွေ့ရပါမည်။ သို့ရာတွင် ကွေ့ကြော မရှိသောကြောင့် မိုင်တိုင် ၁၅ကိုကျော်၍ နောက်ထပ် ၅ ဖာလုံထပ်သွားရပါသည်။ ထိုအခါ ကွေ့ကြောရောက်မှ ကွေ့ပြီး ရန်ကုန်- နေပြည်တော် လမ်းတံတားအောက်ကို ၀င်ပြီး လှေလှော်အင်း အကျဉ်းစခန်းကို ဖြတ်သန်းပြီး အလွန်ဖုန်ထူသော လမ်းအတိုင်း သွားရပါသည်။ အကျဉ်းစခန်း စစချင်းအ၀င်မှာတင် ခြေချုပ်တန်းလန်းနှင့် အကျဉ်းသမားများ အထုပ်များထမ်းနေသည်ကို နေပူပူအောက်တွင် တွေ့ရပါသည်။
            ထို့နောက်မှာတော့ လမ်းတစ်လျှောက် ဖုန်ထူထူ နေပူပူနှင့် မှန်းသန်းသွားရပါသည်။ တစ်ခါမျှ သွားဖူးသည့် နေရာမဟုတ်ပါ။ ထို့နောက် လမ်းတွင် ကြို့ကြားတွေ့ရသော လူများအား မေးရပါသည်။ ထိုသို့ မေးရင်းနှင့်ကို အလိုင်နီဆည်သို့ ၁ ၁/၂ မိုင်ဆိုသည့် ဆိုင်းဘုဒ်ကို ကျော်၍ ၃ မိုင်ခန့် ဆက်သွားမိသေးသည်။ ဆိုင်ကယ်သမား တစ်ဦး ကို မေးလိုက်ကာမှ လမ်းမှားမှန်းသိ၍ ပြန်ကွေ့ရပါသည်။ ဒီလိုနှင့် မနက် ၇ ခွဲက ထွက်ခဲ့သော ခရီးသည် ၁၀ နာရီခွဲလောက်တွင် ရောက်ပါသည်။
            ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်က ကိုရင်ငယ်တစ်ပါး ကျောင်းတင်ဖို့ ကိစ္စနှင့် အပြင်သွားသည်ဆို၍ ကျောင်းရှိ ကျန်ဦးဇင်းများနှင့်သာ လာရောက်ခြင်း ကိစ္စနှင့် အလှူကိစ္စကို ပြောဆို ဆွေးနွေးပါသည်။ ထိုဦးဇင်းများမှာလည်း ကျောင်းထိုင်ကိုယ်တော်နှင့် ဘုန်းတော်ကြီးကျောင်းပညာရေး ၀ါသနာပါသူ စိတ်တူ ကိုယ်တူ သူငယ်ချင်း ကိုယ်တော်များဖြစ်ပါသည်။ ထို့နောက် ပြောဆိုစရာရှိသည်များ ပြောဆိုပြီး ဦးဇင်းများအား လှူဖွယ်ပစ္စည်းများ အရင်ကပ်လှူပါသည်။
            ထို့နောက်မှ ကျတော်တို့ လှူဒါန်းသော  ဗလာစာအုပ် ဒါဇင် ၁၆၀ ၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသုံးဖတ်စာအုပ်အစုံ ၁ စုံစီ၊ ခဲတံ ၁၉၂ ချောင်း ၊ ခဲဖျက် အတုံး ၉၀ ၊ ဘောပင် အနီ ၁၀ ချောင်း ၊ အ၀တ်အစားထုပ် ၂ ထုပ် စသည့်ပစ္စည်းများ ပေးအပ်လှူဒါန်းပါသည်။ ထို့ပြင် သူငယ်ချင်း မင်္ဂလာဦးဇနီးမောင်နှံ လှူဒါန်းသော မင်္ဂလာဦးအလှူငွေ ၊ အသိအန်တီကြီး၏ မိခင်အား ရည်စူး လှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်းပြီး လက်ခံရရှိသည့် ဦးဇင်းမှာ လှူဒါန်းရသည့် အကျိုးအလို့ငှာများအရ ဆုမွန်ကောင်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ပါသည်။
            ထို့နောက် ကျတော်တို့ သူငယ်ချင်း တစ်စု  ကျောင်းဝင်းအတွင်း လည့်ပတ်ကြည့်ရှုပြီး ကလေးများ စာသင်ကြားသည့် အဆောင်ကို လိုက်ကြည့်ပါသည်။ အဆောင်မှာ ဆောက်လက်စ ဖြစ်၍ ကြမ်းခင်း တမံတလင်းသာ ခင်းရပါသေးသည်။ ဘေးအတွက် အကာသေချာ မကာရသေးသည်ကို တွေ့ရပါသည်။ ကာမည့် အစီအစဉ် ရှိသည်ဟု့ပြောပါသည်။ ကျတော်မှ ဦးဇင်းများအား ကျောင်းတွင် ကိုယ်ပိုင် စီးပွားရေး ဖြစ်သော စိုက်ပျိုးရေး သို့မဟုတ် တစ်ခုခုအား လူအင်အားနိုင်ပါက လုပ်ကိုင်ကြည့်ပါရန်အကြံပေး ပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျတော်တို့ ဘလော့ဂ်ကာ သူငယ်ချင်းများ၏ ကော့မှူးဘုန်းတော်ကြီး စာအုပ်အလှူတွင် ကျောင်းထိုင်ဆရာတော်သည် ကျောင်းအတွက် ၀င်ငွေရရှိစေရန် နဂါးမောက်သီးများအား မျိုးယူပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
            ယခုသွားသော အောင်သိဒ္ဓိကျောင်းသည် ပဲခူးတိုင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအချုပ်ကြီး၏ လက်အောင်ခံ ကျောင်းခွဲ ကလေးတစ်ခု ဖြစ်သောကြောင့် နိုင်ငံတော် အထောက်အပံ့မရရှိပါ။ အလှူရှင်များနှင့်သာ ရပ်တည်နေရသော ကျောင်းလေးဖြစ်သည်။ ကျောင်းရှိ ဦးဇင်းများနှင့် လိုအပ်သည်များ ဆွေးနွေးပြီး ကျောင်းထိပ်ရှိ အလိုင်နီဆည်ကြီးသို့ သွားရောက် လေ့လာကြည့်ရှု ဓါတ်ပုံများ ရိုက်ကြပါသည်။ မြင်ကွင်းနှင့် ပတ်ဝန်းကျင်မှာ သဟဇတမျှတမှုရှိပါသည်။ ထိုနေရာလေးသည် ရန်ကုန်နှင့်  မိုင်မည်မျှ မဝေးသော် သွားရလာရ ထောက်သည့်အတွက် လူသူအရောက်အပေါက်နည်းပါသည်။ လူသူအရောက်အပေါက် နည်းပါးသည့် လက္ခဏာဖြစ်သော လူသုံးပစ္စည်း အမှိုက် တစ်စတစ်လေ မျှပင်မတွေ့ရပါ။ နောက်ပြီး ထိုကျောင်းသို့ မိုးတွင်ဘက်တွင် သွားရခက်ခဲပါသည်။
            ကျတော် သွားရောက်လှူဒါန်းခဲ့သော ပစ္စည်းအရေအတွက်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် ကျောင်းသားစာရင်းအတိုင်း လှူဒါန်းခြင်းဖြစ်ပါသည်။ လာမည့်ကျောင်းဖွင့် ရာသီ ၂၀၁၀-၂၀၁၁ အတွက် စာရင်းမရှိသေးကြောင့် မလှူဖြစ်သေးပါ။ ထိုစာရင်း ရရှိပါက တစ်ခါ သွားရောက်လှူဒါန်းမည်ဟု့ မျှော်လင့်ထားပါသည်။ ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းသားများ စာသင်ကြားမည့်နေရာများအား မိုးလုံလေလုံဖြစ်အောင် လှူဒါန်းလိုသော စိတ်ဆန္ဒရှိပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားပြီး လှူဒါန်းလိုပါက ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော်
၂၁.၄.၂၀၁၀

၁၉ နာရီ ၃၀ မိနစ်

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)

ကျွန်တော်ဒီနေ့ (၃၀.၅.၀၉) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း တွင်ရှိသော သုခရိပ်မြုံလူမှုထောက်ပံ့ရေးစီမံချက် ဂေဟာ လေးကို ရောက်ခဲ့ရှိပါသည်။ ထို ဂေဟာလေးသည် HIV ပိုးဝင် ရောက်နေသော မိဘမဲ့ ကလေး သူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ထားသော ဂေဟာလေး ဖြစ်ပါသည်။ လက်ရှိတွင်ဂေဟာလေးတွေ ကလေး သူငယ် စုစုပေါင်း ( ၃၀ ) ခန့်ရှိပါသည်။ ကျွန်တော် နဲ့ ကျွန်တော့သူငယ်ချင်း ၂ ယောက် သွားရောက်ပြီး ကလေးများအတွက် ဆန် ၁ အိတ် လှူဒါန်းခဲ့ပါသည်။ ဂေဟာ ရှိ အသက် အငယ်ဆုံး ကလေးမှာ ၃ နှစ် ခွဲ သာ ရှိသေးသည်။ ကလေးများမှာ ဒဂုံမြောက်၊ဒဂုံတောင် စသည်တို့ အပြင် သုံးဆယ်၊ ဇီးကုန်း၊ မော်လမြိုင်၊ ကရင်ပြည်နယ်ဘက်က ကလေးငယ်များပါ ပါသည်။ ကျွန်တော်တို့ ရောက်ရှိချိန်မှာ ညနေပိုင်း ကလေးများ ထမင်းစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးများ ထမင်းစားသည်ကို သွားရောက်ကြည့်ပါသည်။ ဟင်းမှာ ၀က်သားနှင့် ကန်းစွန်းရွက်ကြော်ဖြစ်ပြီး ထမင်းမှာလည်း ကောင်းပါသည်။ ကလေးများအား သေချာ ကျွေးမွေးပါသည်။ ထမင်းစားပြီး သိပ်မကြာခင်မှာ ကလေးငယ်များသည် ပျော်ပျော်ရွှင်ရွှင်ကစားကြပါသည်။ ထို့နောက် ကျွန်တော် တို့လည်း ပြန်ခဲ့ကြသည်။

အောက်တွင် ဂေဟာမှ ပေးသောလက်ကမ်းစာစောင်မှ အကြောင်းလေးများဖော်ပြထားပါသည်။ စိတ်ပါဝင်စားသော စေတနာရှင်များမှ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော် ( ၃၀.၅.၀၉)

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်

ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင်မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုးလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇိဝိန်ကို ဆွဲနှုတ်ယူငင်သွားသော အခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရှု့စောင့်ရှောက်ခြင်းရှိသကဲ့သို့ ဆွေမျိုးညာတိမရှိသူများကိုလည်း မိဘမဲ့ကလေးဂေဟာများက နှစ်လိုစွာလက်ခံကြပါသည်။

သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲ များစွာရှိနေပါသည်။ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ကလေးငယ်အပေါ်မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာခံစားနေထိုင်ကြရသူများ၊ အကြောင်း ကြောင်းကြောင့် စောင့်ရှောက်မည့်သူ မရှိသောသူများ– အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမန်ကလေးငယ်များ နှင့်အတူ ရောနှောထားလျှင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှိသူကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေးနိုင်သော သီးသန့်ဂေဟာတစ်ခု လိုအပ်လာပါသည်။

HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံယူနေရသော ကလေးငယ်များ (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစုအခွင့်အရေးများ တက်နိုင်သမျှ အပြည့်အ၀ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေ့ရှု့၍ ကိုယ်ချင်းစာ တရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တက်နိုင်သမျှသော မ,တည်လှူဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရေးအတွက် အများပြည်သူစေတနာရှင်များ၏ အလှူငွေများဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါသည်။

အဖွဲ့အမည် ။ ။ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စိမံချက်

တည်နေရာ ။ ။ အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။

(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ရည်ရွယ်ချက် ။ ။ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ ကလေးသူငယ်များအားစနစ်တကျ

ပြုစုစောင့်ရှောက်၍ မိသားစု ပုံစံဖြင့် ကြင်နာမှုပေးရန်။

လုပ်ငန်းစီမံချက် ။ ။ အလှူရှင်များက လှူဒါန်းသော အလှူငွေဖြင့် ၀ယ်ယူထားသော

အသင်းပိုင်မြေနေရာတွင် အဆောင်များ ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး(၁၀)

ဦးခန့် ထားရှိ စောင့်ရှောက်ရန်။ အလှူငွေပေါ်မူတည်၍ အဆောင်အရေအတွက်

တိုးချဲ့ဆောက်လုပ်ရန်။

လက်ခံမည့်ကလေးများ ။ ။ (၁) အမိအဘ နှစ်ဦးလုံး မရှိတော့သော HIV ပိုး

ဝင်ရောက်နေသည့် ကလေးများ။

(၂) အမိအဘ တစ်ဦးရှိသော်လည်း ဝေဒနာ ခံစားနေရ၍ ကလေးအား ပြုစု

စောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ကလေးနှင့်

(၃) အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ ပြုစုပျိုးထောင်ရန် လိုအပ်သည့်

မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများ။

အသက်ကန့်သတ်ချက် ။ ။ ( ၁ နှစ်ခွဲမှ ၁၂ နှစ်ထိ)

ဝန်ထမ်းရွေးချယ်ချက် ။ ။ လူမှုဝင်ထန်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သောသူများ ခန့်ထားခြင်း (ဥပမာ- အငြိမ်းစားသူနာပြုဆရာမများနှင့် အခြားဆေးပညာရှင်များကို အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြုအကူများအား ကလေးများကို အနီးကပ် ကြည့်ရှု့စေခြင်း။) ၀န်ထမ်းငယ်များ အဖြစ်သူနာပြုစုခြင်းနှင့် ကလေးသူငယ်စောင့်ရှောင်ခြင်းကို စိတ်ပါဝင်စားသောသူများ၊ HIV ပိုးဝင်ရောက်ပြီး ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး လုပ်အားကို အပြည့်အ၀ အသုံးပြုနိုင်သူများကို ခန့်ထားရန်။

ပြုစုစောင့်ရှောက်မှု ။ ။ ကလေးငယ်များ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ၀န်ထမ်းများကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးစေခြင်း၊ နေရာထိုင်ခင်းနှင့် အ၀တ်အထည်အသုံး အဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်း စသောကိစ္စရပ်များကို အမှုဆောင်အဖွဲ့မှ အလည့်ကျ သွားရောက်ကြီးကြပ်လမ်းညွှန်ခြင်း။

ကျန်းမာရေး ။ ။ ကလေးငယ်များ၏ ကျန်းမာရေးကို ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အချိန်ပြည့် ကြည့်ရှု့ပြီး အမှုဆောင်အဖွဲ့ဝင်များ အပတ်စဉ်သွားရောက်ကြည့်ရှု့ခြင်းနှင့် နေ့စဉ် (၂၄)နာရီ ကာလပတ်လုံး တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုရှိပါက အချိန်မရွေးကုသမှုခံယူရန်နှင့် လိုအပ်ပါက အထူးကုဆရာဝန်ကြီးများ နှင့်ပြင်ပလူနာပြသခြင်း၊ ဆေးရုံတင်ကုသခြင်းများ ပြုလုပ်ခြင်း။

ပညာရေး ။ ။ (၁) ကလေးများအား ပြင်ပ ပညာသင်ကြားရေးစနစ်ဖြင့် ဆရာ/ ဆရာများ ငှါးရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာရရှိစေရန် ပရဟိတဂေဟာများတွင် ဖွင့်လှစ်ထားရှိသော မူလတန်းကျောင်းများ၌ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိအောင် စီစဉ်ပေးခြင်း။

(၂) လက်မှုလုပ်ငန်းနှင့် ပန်းချီပန်းပုစသော အနုပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ်ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် သက်ဆိုင်ရာ ပညာရပ်များ သင်ကြားပေးရန်။

(၃) ကလေးများအားလုံးအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်းများနှင့် ကစားနည်းများပြုလုပ်ပေးရန်။

ဆက်သွယ်လှူဒါန်းရန် ။ ။ (၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉)

(၂) ဒေါက်တာ တင်တင်ဝင်း ( ဂျူး)

( ၀၉-၅၀၀-၆၉၀၀၊ ၀၁-၇၀၄၆၅၆)

(၃) ဒေါက်တာ ထားထား ( စုထား )

( ၀၉-၂၀၁-၇၉၆၁)

(၄) ဒေါ်မြင့်မြင့်ခင်ဖေ ( ရွှေဇီးကွက်)

( ၀၉-၅၁၂-၇၀၀၅၊ ၀၁-၆၆၅၈၂၄)

(၅) ဒေါ်ကလျာထွန်း

( ၀၉-၅၁၆-၇၉၃၁၊ ၀၁-၇၀၅၉၈၈)

>

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (Happy Haven Humanitarian Project)

ကျွန်တော်ဒီနေ့ (၃၀.၅.၀၉) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း တွင်ရှိသော သုခရိပ်မြုံလူမှုထောက်ပံ့ရေးစီမံချက် ဂေဟာ လေးကို ရောက်ခဲ့ရှိပါသည်။ ထို ဂေဟာလေးသည် HIV ပိုးဝင် ရောက်နေသော မိဘမဲ့ ကလေး သူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ထားသော ဂေဟာလေး ဖြစ်ပါသည်။ လက်ရှိတွင်ဂေဟာလေးတွေ ကလေး သူငယ် စုစုပေါင်း ( ၃၀ ) ခန့်ရှိပါသည်။ ကျွန်တော် နဲ့ ကျွန်တော့သူငယ်ချင်း ၂ ယောက် သွားရောက်ပြီး ကလေးများအတွက် ဆန် ၁ အိတ် လှူဒါန်းခဲ့ပါသည်။ ဂေဟာ ရှိ အသက် အငယ်ဆုံး ကလေးမှာ ၃ နှစ် ခွဲ သာ ရှိသေးသည်။ ကလေးများမှာ ဒဂုံမြောက်၊ဒဂုံတောင် စသည်တို့ အပြင် သုံးဆယ်၊ ဇီးကုန်း၊ မော်လမြိုင်၊ ကရင်ပြည်နယ်ဘက်က ကလေးငယ်များပါ ပါသည်။ ကျွန်တော်တို့ ရောက်ရှိချိန်မှာ ညနေပိုင်း ကလေးများ ထမင်းစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးများ ထမင်းစားသည်ကို သွားရောက်ကြည့်ပါသည်။ ဟင်းမှာ ၀က်သားနှင့် ကန်းစွန်းရွက်ကြော်ဖြစ်ပြီး ထမင်းမှာလည်း ကောင်းပါသည်။ ကလေးများအား သေချာ ကျွေးမွေးပါသည်။ ထမင်းစားပြီး သိပ်မကြာခင်မှာ ကလေးငယ်များသည် ပျော်ပျော်ရွှင်ရွှင်ကစားကြပါသည်။ ထို့နောက် ကျွန်တော် တို့လည်း ပြန်ခဲ့ကြသည်။

အောက်တွင် ဂေဟာမှ ပေးသောလက်ကမ်းစာစောင်မှ အကြောင်းလေးများဖော်ပြထားပါသည်။ စိတ်ပါဝင်စားသော စေတနာရှင်များမှ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဖိုးသူတော် ( ၃၀.၅.၀၉)

သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်

ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင်မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုးလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV ရောဂါပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇိဝိန်ကို ဆွဲနှုတ်ယူငင်သွားသော အခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရှု့စောင့်ရှောက်ခြင်းရှိသကဲ့သို့ ဆွေမျိုးညာတိမရှိသူများကိုလည်း မိဘမဲ့ကလေးဂေဟာများက နှစ်လိုစွာလက်ခံကြပါသည်။

သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲ များစွာရှိနေပါသည်။ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ကလေးငယ်အပေါ်မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာခံစားနေထိုင်ကြရသူများ၊ အကြောင်း ကြောင်းကြောင့် စောင့်ရှောက်မည့်သူ မရှိသောသူများ– အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမန်ကလေးငယ်များ နှင့်အတူ ရောနှောထားလျှင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှိသူကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေးနိုင်သော သီးသန့်ဂေဟာတစ်ခု လိုအပ်လာပါသည်။

HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံယူနေရသော ကလေးငယ်များ (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစုအခွင့်အရေးများ တက်နိုင်သမျှ အပြည့်အ၀ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေ့ရှု့၍ ကိုယ်ချင်းစာ တရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တက်နိုင်သမျှသော မ,တည်လှူဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်ကို စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရေးအတွက် အများပြည်သူစေတနာရှင်များ၏ အလှူငွေများဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါသည်။

အဖွဲ့အမည် ။ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စိမံချက်

တည်နေရာ ။ အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။

(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

ဖုန်းနံပါတ် ။ ၅၈၁၉၅၅

ရည်ရွယ်ချက် ။ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ ကလေးသူငယ်များအားစနစ်တကျ

ပြုစုစောင့်ရှောက်၍ မိသားစု ပုံစံဖြင့် ကြင်နာမှုပေးရန်။

လုပ်ငန်းစီမံချက် ။ အလှူရှင်များက လှူဒါန်းသော အလှူငွေဖြင့် ၀ယ်ယူထားသော

အသင်းပိုင်မြေနေရာတွင် အဆောင်များ ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး(၁၀)

ဦးခန့် ထားရှိ စောင့်ရှောက်ရန်။ အလှူငွေပေါ်မူတည်၍ အဆောင်အရေအတွက်

တိုးချဲ့ဆောက်လုပ်ရန်။

လက်ခံမည့်ကလေးများ ။ (၁) အမိအဘ နှစ်ဦးလုံး မရှိတော့သော HIV ပိုး

ဝင်ရောက်နေသည့် ကလေးများ။

(၂) အမိအဘ တစ်ဦးရှိသော်လည်း ဝေဒနာ ခံစားနေရ၍ ကလေးအား ပြုစု

စောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ကလေးနှင့်

(၃) အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ ပြုစုပျိုးထောင်ရန် လိုအပ်သည့်

မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများ။

အသက်ကန့်သတ်ချက် ။ ( ၁ နှစ်ခွဲမှ ၁၂ နှစ်ထိ)

ဝန်ထမ်းရွေးချယ်ချက် လူမှုဝင်ထန်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သောသူများ ခန့်ထားခြင်း (ဥပမာ- အငြိမ်းစားသူနာပြုဆရာမများနှင့် အခြားဆေးပညာရှင်များကို အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြုအကူများအား ကလေးများကို အနီးကပ် ကြည့်ရှု့စေခြင်း။) ၀န်ထမ်းငယ်များ အဖြစ်သူနာပြုစုခြင်းနှင့် ကလေးသူငယ်စောင့်ရှောင်ခြင်းကို စိတ်ပါဝင်စားသောသူများ၊ HIV ပိုးဝင်ရောက်ပြီး ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး လုပ်အားကို အပြည့်အ၀ အသုံးပြုနိုင်သူများကို ခန့်ထားရန်။

ပြုစုစောင့်ရှောက်မှု ။ ကလေးငယ်များ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ၀န်ထမ်းများကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးစေခြင်း၊ နေရာထိုင်ခင်းနှင့် အ၀တ်အထည်အသုံး အဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်း စသောကိစ္စရပ်များကို အမှုဆောင်အဖွဲ့မှ အလည့်ကျ သွားရောက်ကြီးကြပ်လမ်းညွှန်ခြင်း။

ကျန်းမာရေး ။ ကလေးငယ်များ၏ ကျန်းမာရေးကို ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အချိန်ပြည့် ကြည့်ရှု့ပြီး အမှုဆောင်အဖွဲ့ဝင်များ အပတ်စဉ်သွားရောက်ကြည့်ရှု့ခြင်းနှင့် နေ့စဉ် (၂၄)နာရီ ကာလပတ်လုံး တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုရှိပါက အချိန်မရွေးကုသမှုခံယူရန်နှင့် လိုအပ်ပါက အထူးကုဆရာဝန်ကြီးများ နှင့်ပြင်ပလူနာပြသခြင်း၊ ဆေးရုံတင်ကုသခြင်းများ ပြုလုပ်ခြင်း။

ပညာရေး ။ (၁) ကလေးများအား ပြင်ပ ပညာသင်ကြားရေးစနစ်ဖြင့် ဆရာ/ ဆရာများ ငှါးရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာရရှိစေရန် ပရဟိတဂေဟာများတွင် ဖွင့်လှစ်ထားရှိသော မူလတန်းကျောင်းများ၌ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိအောင် စီစဉ်ပေးခြင်း။

(၂) လက်မှုလုပ်ငန်းနှင့် ပန်းချီပန်းပုစသော အနုပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ်ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် သက်ဆိုင်ရာ ပညာရပ်များ သင်ကြားပေးရန်။

(၃) ကလေးများအားလုံးအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်းများနှင့် ကစားနည်းများပြုလုပ်ပေးရန်။

ဆက်သွယ်လှူဒါန်းရန် ။ (၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉)

(၂) ဒေါက်တာ တင်တင်ဝင်း ( ဂျူး)

( ၀၉-၅၀၀-၆၉၀၀၊ ၀၁-၇၀၄၆၅၆)

(၃) ဒေါက်တာ ထားထား ( စုထား )

( ၀၉-၂၀၁-၇၉၆၁)

(၄) ဒေါ်မြင့်မြင့်ခင်ဖေ ( ရွှေဇီးကွက်)

( ၀၉-၅၁၂-၇၀၀၅၊ ၀၁-၆၆၅၈၂၄)

(၅) ဒေါ်ကလျာထွန်း

( ၀၉-၅၁၆-၇၉၃၁၊ ၀၁-၇၀၅၉၈၈)

Follow

Get every new post delivered to your Inbox.