Category: ဟာသ

>Play with photofunia

>

ဘလော့ဂ်ရေးစရာ အတွေးတွေ မရှိတာနဲ့ မလုပ်တာ ကြာပြီဖြစ်သော photofunia ဆိုဒ်လေးကို ၀င်ဖြစ်တယ်။ အဲ့ဒါနဲ့ပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် (အသဲတွေကျော်ကျော်သွားသော) ဖိုးသူတော် ဓါတ်ပုံလေးတွေနဲ့ပဲ လုပ်ကြည့်ဖြစ်တယ်။ အောက်မှာ ပြထားသော ပုံလေးတွေ ဖြစ်ထွန်းလာပါတယ်။ ဘလော့ဂ် လာကြည့်သော မိတ်သင်္ဂဟများ နားလည်မှုအပြည့်ရှိပြီး မုဒိတာပွား စိတ်ထဲမှာဟားနိုင်ကြပါစေ။

ဖိုးသူတော် ( ၆.၆.၀၉)

Play with photofunia

>ရီ(ရယ်) ရသားဗျ

>

ရီ(ရယ်) ရသားဗျ

၁။ တစ်နေ့နေလည်ခင်းတွင် ယာဉ်မောင်းတစ်ဦးသည် အိမ်နီးချင်းတစ်ဦးထံသို့ ချဉ်းကပ်၍ ပြောသည်။

`ကျွန်တော် တကယ်ကိုဝမ်းနည်းပါတယ်ဗျာ။ ကျွန်တော်ခုပဲ ခင်ဗျားကြောင်ကို ကားနဲ့တိုင်မိတယ်ထင်ပါတယ်။ ကျွန်တော် အစားထိုးပေးရမလား´

ထိုအခါ အိမ်နီးချင်းက ယာဉ်မောင်းကိုခြေဆုံးခေါင်းဆုံး ကြည့်ပြီးပြောလိုက်သည်မှာ

`မင်းကငါ့ကြောင်လို ကြွက်ခုတ်နိုင်ပါမလား´

၂။ လူတစ်ယောက်သည် ကွယ်လွန်ပြီး ကောင်းကင်ဘုံသို့ ရောက်သွားသည်။ သူသည် ဘုရားသခင်အား တွေ့ခွင်ရပြီး မေးခွန်းနည်းနည်း မေးနိုင်ပါသလားဟု မေးသည်။

`ရတယ်၊ မေးပါ´

`အရှင် မိန်းမတွေကို ဘာဖြစ်လို့ဒါလောက် လှအောင် ဖန်းတီးထားရတာလဲ´

ဘုရားသခင်က ဖြေသည်။

`ဒါမှ မင်းသူတို့ကို ချစ်မှာပေါ့ ´

`ဟုတ်ပါပြီ။ ဒါပေမယ့် ဘာဖြစ်လို့သူတို့ကို ဦးနှောက်မရှိအောင် ဖန်တီးထားတာလဲ´

ထိုအခါ ဘုရားသခင်က ဖြေသည်။

` ဒါမှ သူတို့ မင်းကိုကြိုက်မှာပေါ့ ´

၃။ သေခါနီးဆဲဆဲ လူတစ်ယောက်သည် သူ့ဇနီးအား ပြောသည်။

`ကိုယ်တော့ မင်းကို အမှန်မပြောဘဲ အသေမဖြောင့်နိုင်ဘူးကွယ်။ ကိုယ်တို့ အိမ်ထောင်ကျနေတဲ့ တစ်လျှောက်လုံး မင်းကို ကိုယ်လည့်စားခဲ့ပါတယ်။ ကိုယ်အိုဗာတိုင် ဆင်းနေရတယ်လို့ပြောခဲ့တဲ့ ညတွေအားလုံး တခြား မိန်းမတွေနဲ့ ရှိနေခဲ့တာပါ။ ပြီးတော့တစ်ယောက်တည်းတောင် မဟုတ်ဘူး။ မိန်းမအတော်တော်များများ နဲ့ ကိုယ်အိပ်ခဲ့တာပါ ´

ထိုအခါ ဇနီးဖြစ်သူက သူ့ကိုတည်တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။

`ကျွန်မက ရှင့်ကို ဘာဖြစ်လို့ အဆိပ်ကျွေးသတ်တယ်လို့ ရှင်ထင်နေလို့လဲ ´

၎။ လူတစ်ယောက်သည် မိန်းမလှလေးတစ်ဦးနှင့် ချစ်နေသည်။ တစ်နေ့တွင် သူမက သူ့အား နောက်နေသည် သှူမ၏ မွေးနေ့ဖြစ်ကြောင်း ပြောသည်။ သူက သူမထံ နှင်းဆီ ပန်းစည်းတစ်စည်းကို အသက်တစ်နှစ်လျှင် နှင်းဆီ တစ်ပွင့်နှုန်းဖြင့် ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်။

ထိုနေ့ညနေတွင် သူသည် နယ်မြေပန်းသည်ထံ ဖုန်းဆက်ပြီး နှင်းဆီ ၂၁ ပွင့်ကို နောက်တစ်နေ့ မနက်တွင် သူ့ကောင်မလေးထံ ပထမဆုံး ပို့ပေးရန် ပြောလိုက်သည်။

ပန်းသည်က ပန်းစည်းပြင်ဆင်သောခါ ထိုလူငယ်သည် ၀ယ်နေကြဖောက်သည်ဖြစ်၍ တစ်ဒါဇင် အပို ထည့်ပေးလိုက်သည်။

ထိုသူသည် ကောင်မလေး သူကို ဘာကြောင့် စိတ်ဆိုးနေမှန်း ဘယ်တော့ မှမသိပေ။

၅။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော် အိမ်ထောင်သက် အနှစ် ၅၀ လုံးလုံး ဘယ်တုန်းကမှ ခွန်းကြီးခွန်းငယ် မဖြစ်ခဲ့ကြဘူး လို့ဂုဏ်ယူပြီး ပြောပါတယ်။ ဒါပေမဲ့ တစ်လောကတော့ မိန်းမက ကျွန်တော့်ကို ကြိမ်းလိုက်မောင်းလိုက် လုပ်တယ်ဗျာ။ သူ့ကို ကားတံခါး ဖွင့်မပေးလို့တဲ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်လည်း ရေပေါ်ကို တက်နိုင်ဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေလို့ပါ။

ရယ်မောရင်း တွေးနိုင်ကြပါစေ။

>ဘာကြောင့်လဲ

>

တစ်ခါက ပညာရေးဝန်ကြီးဟာ ကျောင်းတစ်ကျောင်းကိုကြည့်ရှုစစ်ဆေးဖို့

သွားရောက်ခဲ့တယ်။အတန်းတစ်တန်းထဲ ၀င်ကြည့်တော့အခန်းထဲမှာကမ္ဘာ

လုံးတစ်လုံးတင်ထားတာတွေ့လို့ ကောင်းသားတစ်ယောက်ကိုခေါ်ပြီး…

” ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေသလဲ”

လို့မေးလိုက်တယ်။အမေးခံရတဲ့ကျောင်းသားကပျာပျာသလဲ “ကျွန်တော်

လုပ်တာမဟုတ်ဘူး”..လို့ပြန်ဖြေတယ်။ပညာရေးဝန်ကြီးက၀င်လာတဲ့နောက်

ကျောင်းသားတစ်ဦးကိုမေးလိုက်ပြန်တယ်။ကျောင်းသားက လက်ကာပြပြီး

“ကျွန်တော်အခုမှဝင်လာတာ ကျွန်တော်လုပ်တာမဟုတ်ဘူး”..လို့ဖြေပြန်တယ်။

ပညာရေးဝန်ကြီးက ဆရာဘက်လည့်ပြီး “ဒါဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက

တပည့်တွေကိုဘယ်လိုသင်ခဲ့သလဲပုံစံနဲ့) မေးလိုက်တယ်။ ဆရာကတောင်းပန်

တဲ့လေသံနဲ့ “သူတို့ကိုအပြစ်တင်လို့မရဘူး..ဒီကမ္ဘာလုံးက၀ယ်လာကတည်းက

၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။ပညာရေးဝန်ကြီး

က ခရမ်းချဉ်သီးလို ပေါက်ကွဲတော့မဲ့ မျက်နှာနဲ့ ကျောင်းအုပ်ဘက်လည့်ကြည့်

လိုက်တယ်ဆိုရင်ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာတော့အားနာတယ်..ကျောင်း

က ရန်ပုံငွေအခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံးကိုလမ်းဘေးဈေးမှာဝယ်ခဲ့လို့အခု

လိုတိမ်းစောင်းနေတာပါ ” လို့ပြန်ဖြေလိုက်တော့တယ်။

*ကြားဖူးတဲ့ဟာသလေးပါ..

ဘာကြောင့်လဲ

Follow

Get every new post delivered to your Inbox.