Category: ရောက်တက်ရာရာ

ဒီနေ့ ဘလော့ဂ်ရေးခြင်း

ဒီနေ့တော့ Ultra surf U94 လေးပွင့်တာ နဲ့ ဘလော့ဂ်လေးထဲ ၀င်မိလိုက်တယ်။ ကော်နက်ရှင် အခက်အခဲတွေကြောင့် ဘလော့ဂ်လည်း ဖုန်တက်နေတာ ကြာပြီလေ။ တစ်ကယ်တော့ မေးလ်တူဘလော့ဂ်ဂါကနေ သုံးရင်တော့ ရသားပဲ. ဒါပေမဲ့ စာတွေ ကဗျာတွေ မရေးဖြစ်တာက တစ်ကြောင်း၊ အလုပ်များနေတာက တစ်ကြောင်းကြောင့် မသုံးဖြစ်ဘူးဖြစ်နေတယ်။

မနက်ဖန်ဆိုရင် စာမေးပွဲက ဖြေရဦးမယ်။ mid term ခေါ်မလားပဲ။ အဲ့လိုစာမေးပွဲကလေးက ရှိသေးတယ်။ ကျောင်းနဲ့က ၅ နှစ်လောက်ဝေးနေပြီးမှ ပြန်တက်ပြီး စာမေးပွဲဖြေရတော့ တမျိုးတော့ဖြစ်သား။ စာလည်းမရသေးဘူးလေ။ ဟတ်ဟတ်။ ဒါပေမဲ့ တာဝန်အရတော့ ဖြေရဦးမယ်။ သိထားတာလေးတွေ ရ ထားတာလေးတွေကို။ စာမေးပွဲက ဧပြီ ၂၇ ကနေ မေ လ ၆ ရက်နေ့ထိတောင် ဖြေရမယ်။ ဒါပေမဲ့ အင်တာနက်ကတော့ သုံးဖြစ်နေမှာပါ။

ဒီနေ့ ၂၆।၄।၀၉ က ကိုအရုပ်ကလေး(Idulize) ရဲ့မွေးနေ့လို့သိရတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုအောင်လေး။ နောက်ပြီး ကျွန်တော်မိတ်ဆွေ ကိုမျက်လုံး ရဲ့ သားမွေးနေ့လို့လည်း သိရတယ်။ သားသားရေ မွေးနေ့မှ သည် ကျန်းမာပျော်ရွှင်ပြီး အဖေ့ထက်တော်တဲ့ သားသားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

စာမေးပွဲပြီးမှ ရေးမယ်လို့ တွေးထားတာလေးတွေ ရေးဦးမယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဆုံပြီး ပြောကြဆိုကြတာလေးတွေထဲမှာ ကောင်းတာလေးတွေ ရှိတယ်။ အဲ့ဒါလေးတွေကို ကိုယ့်အမြင်နဲ့ ကိုယ်ပြန်ရေးဦးမယ်။ စာဖတ်သူအားလုံးပဲ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ..

သူတော် ( ၂၆.၄.၀၉)

>

ကျွန်တော် Windowe Live Writer နဲ့ စမ်းသပ်ရေးသားပြီး ပို့စ်တင်ကြည့်နေခြင်း ဖြစ်ပါသည်။ အဆင်ပြေပါက ဆက်လက်သုံးစွဲသွားဖို့ အစီအစဉ်ရှိပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

သူတော်

Approach Lighting.

လေယာဉ်ပြေးလမ်း၊ လေယာဉ်လျှောက်လမ်းတို့နဲ့ ပတ်သက်ပြီး အသုံးပြုတဲ့ မီးလုံးမီးတိုင်ပေါင်း မြောက်မြားစွာရှိပါသည်။ ယခုအသစ်တိုးချဲ့ပြီးစီးသော လေယာဉ်ပြေးလမ်းအတွက် လေယာဉ်ပြေးလမ်းချဉ်းကပ် မီးနဲ့ အချက်ပြမီးတိုင်များတပ်ဆင်ထားပုံကို ဖော်ပြလိုက်ပါသည်။  တကယ်တော့ ပုံလေးတွေက ကြည့်ရတာ လှလို့ပါ . J  

ဒီပုံက ကြော်ငြာဝင်တာ :P

သူတော် ( ၁၇.၂.၀၉)

ညခင်းအိမ်အပြန် 

နီယွန်မီး တောက်လျှောက်
ထွန်းထားတဲ့ လမ်းမ
ချစ်သူပေးတဲ့ အိုင်ပေါ့တစ်ဖက်
ထီးတစ်လက်ကိုဆွဲလို့
အိမ်အပြန်ညခင်း
လ မလင်းပဲ ပြန်ခဲ့တယ်… 

အတွေးတွေ ပြန့်ကျဲ
ကဗျာပန်းခင်းထဲ
ခပ်ကြမ်းကြမ်း …
နှင်းဆီတစ်ပွင့် ပွင့်လိုက်တယ်..

နက်ဖန်နံနက် ချစ်သူအတွက် 
အပြာရောင်ညရဲ့ နှင်းဆီ
သူ့ခေါင်းမှာပန်ဖို့ ခံစားလို့ဖွဲ့ဆို 
ကဗျာတစ်ပုဒ်ပွင့်လိုက်တယ်..
ချစ်သူရယ် တစ်နေ့လုံး 
နှင်းဆီကဗျာရနံ့
ရပါစေ…….
ဖိုးသူတော် ( ၁.၁၀.၀၈)

ရေးထားတာကြာပြီ။ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်။ 
ဖိုးသူတော်(၂၁.၁၁.၀၈)

Follow

Get every new post delivered to your Inbox.